Saturday, July 2, 2011
တစ်ဆစ်ချိုး အတွေးပုံရိပ်
         တတီးတီး တတိုးတိုး မဂဓဘာသာတွေနဲ့ ရောနှောပြောဆိုနေကြသည့် ငှက်ကလေးတွေက အစီအရီပျံဝဲ လို့ အိပ်တန်းတက်တော့မည့်အချိန်-----။
         ရွှေအိုရောင်နေမင်းကြီးကလည်း တစ်နေ့ တာအတွက် လက်ပြနှုတ်ဆက်ပြီး ကျောခိုင်းခွဲခွါတော့မည့် အ ချိန်-----။    တစ်ခါတစ်လေ ပျော်ရွှင်ခြင်းပြယုဂ်ကို ဖော်ထုတ်ပေးနေသည့် လှိုင်းကြက်ခွတ်တွေနဲ့ အတူ ငြိမ်သက်ခြင်း အေးမြခြင်းသရုပ်ကို အမှန်တကယ်ဆောင်ကျဉ်းပေသော ပင်လယ်သမုဒ္ဒရာ၏ဝင်းလက်သည့် ရေပြင်လွှာကြီး တစ်ခုလုံးကို ငေးမောကြည့်ရင်း-----။
         သဘာဝ သယံဇာတတွေ အလှိုင်လှိုင်ထနေသော လခြမ်းပုံရိပ်အတွင်းကသက်ရှိလူသားတစ်ယောက် ဖြစ်သည့် ကျွန်တော်။  အနာဂတ်ကာလမှာ ဘာဖြစ်မလဲ-ဆိုတာ ကြိုမသိခဲ့သော်ငြား ငယ်စဉ်ကတည်းက အ ရာရာကို ကြည့်ရင်း ငေးရင်းစိတ်ကူးယဉ်တတ်သည့်အကျင့်။  အဲသည်အချိန်ကစ   နှလုံးသားထဲတွင်    အနု ပညာဗီဇလေးတွေက သန္ဒေတည်မှန်းမသိ တည်လာခဲ့သည်လားမဆိုနိုင်။ အခု မိမိဘဝ၏ တစ်ဆစ်ချိုး   အ ချိန်ဝယ် ငယ်ဘဝက ပုံရိပ်တစ်ချို့ ကို ပြင်ပြောင်းလို့ မြင်ယောင်နေမိပြန်သည်။
                           ++++++++++++++++++++++++++
          မိမိငယ်ရွယ်စဉ်အချိန်တုန်းက အမေ့အပေါ်တွင် အတော့်ကို ဂျီကျခဲ့(ဆိုးခဲ့)ဖူး၏။ စိတ်အခန့် မသင့် သည့်အခါတိုင်း တငိုငို တယိုယို ဖနောင့်ကလေးတဆောင့်ဆောင့်နဲ့ အမေ့ကို  ပူဆာပြနေသည့်အချိန်မျိုးဆို လျှင် အမေက ချော့ချော့မော့မော့ဖြင့် မိမိ၏လက်ကလေးကို အသာအယာဆွဲခေါ်၍ မိမိတို့ အိမ်နောက်ဖေး ကနေ ပင်လယ်ပြင်ကိုလက်ညှိုးထိုးပြီဲးသားရေ---ကြည့်စမ်း၊ ဟိုး---ဟိုမှာ---နေမင်းကြီးက ပင်လယ်ထဲသို့  ငုတ်ဆင်းဖို့ ဟန်ပြင်နေတယ်၊ လှလိုက်တာ---ကြည့်စမ်း--ကြည့်စမ်း---။ အဲဒီနေလုံးကြီးက ဒီကငုတ်ပြီးရင် ဘယ်မှာသွားပေါ်မလဲသိလား၊ ဟိုး---နိုင်ငံခြားမှာ သွားပေါ်မှာ သားလေးရဲ့ဲ    အစရှိသဖြင့် ကလေးအငို တိတ်အောင်အရိပ်အယောင်ပြရင်း အမေချော့တိုင်း မိမိမှာ ပင်လယ်ပြင်ကို အမြဲတစေကြည့်ဖြစ်သည်။ တစ် ခါမဟုတ်၊ နှစ်ခါမဟုတ်။ နောက်တော့ မိမိသည်လည်း ပင်လယ်ပြင်ကိုငေးမောကြည့်ရင်း စိတ်ကူးယဉ်တတ် သည့်အကျင့်ကလေးတွေက မသိမသာတဖြည်းဖြည်းရင့်ကျက်လာခဲ့သည်။ အမေသင်ပေးခဲ့လို့ များလား၊ ဒါ မှမဟုတ် မွေးကတည်းက အဏုမြူသဘာဝဓာတ်ခံလေးတွေက ပါလာခဲ့လို့ များလားမဆိုနိုင်ပေ။ တစ်နေ့  တစ်နေ့ ပင်လယ်ပြင်ထဲ နေလုံးကြီးဝင်သွားတော့မည့်အချိန်တိုင်း ငေးကြည့်၍ဲသည်နေမင်းကြီးဟာ ဘင်္ဂ- လားဒေ့ခ်ျ၊ ပါကစ္စတန်ဘက်ကိုများရောက်သွားသလား၊   သို့ မဟုတ် အိန္ဒိယဘက်သို့ များရောက်သွားသ လာဲးဲ  စသည်စသည် ကလေးအတွေးပုံစံမျိုးဖြင့်တွေးနေမိ၏။ သည်လို------သည်လိုနဲ့ -----။
                        +++++++++++++++++++++++++++++++++
          မိမိသည်လည်း အချိန်တန်၍ (၁ဝ)နှစ်သားအရွယ်လောက်မှာပင် သာသနာ့ဘောင်ထဲသို့ ဝင်ရောက် ပြီး အရှေ့ မြန်မာပြည်ထဲတွင် ဗုဒ္ဒစာပေများကိုလေ့လာခွင့်၊ သင်ကြားခွင့်ရခဲ့ပေသည်။ သည်အချိန်မှာတော့ ဗုဒ္ဒလောင်လျာ၏ မွေးဖွားရာဒေသ၊ ဗုဒ္ဒပွင့်ရာဒေသ၊ တရားဟောရာဒေသ၊ ပရိနိဗာန်စံရာဒေသ-အစရှိသ  ဖြင့် သိရှိလာခဲ့ရပေသည်။  ယင်းအချိန်မှာလည်း အမေချော့မြူခဲ့သည့်စကားသံတွေကို ကြားယောင်ခဲ့ဖူး၏။ မိမိရင်ဘတ်ထဲတွင်တောဲ့အမေရေ----အမေပြောတဲ့ အဲဒီနေမင်းကြီးက အိန္ဒိယမှာပွင့်ပေါ်တာ အမေရဲ့ဲ လို့ များ အသံကုန်ဟစ်ကြွေးပြီးပြောပြချင်ခဲ့သည်မှာ တားမနိုင် ဆီးမရ။ သို့ သော်ငြား မပြောဖြစ်ခဲ့ပေ။ (မိမိ ဆိုလိုသည်မှာ ဗုဒ္ဒ-တည်းဟူသော နေမင်းကို ရည်ရွယ်သည်။)
          ထိုကဲ့သို့  ဗုဒ္ဒ၏တရားတော်များကို   လေ့လာသင်ကြား၍ စာပေထဲက ရရှိလာသောမဆိုစလောက်   ဗဟုသုတတွေနဲ့ အတူ   အတွေးအခေါ်အမြော်အမြင်တွေကလည်း သာမန်လူတစ်ယောက်၏အမြင်တွေနဲ့  နှိုင်းယှဉ်ကြည့်လျှင် မိမိကအနည်းငယ်သာနေလိမ့်မည်ဟုလည်းယူဆမိ၏။ ဤသည်မှာမိမိကိုယ်ကို  မိမိ အ ထင်ကြီးခြင်းမျိုးတော့မဖြစ်တန်ရာ။   မြင့်မြတ်အထက်တန်းကျသော ဗုဒ္ဒစာပေများကိုလေ့လာထားသူ တစ် ယောက်အနေဖြင့် အတွေးအခေါ်အမြော်အမြင်တို့ အထက်တန်းကျသည်မှာလည်း သဘာဝကျလှ၏။ ယင်း ကဲ့သို့ အတွေးအခေါ်တို့ အနည်းငယ်ကျယ်ပြောလာသည်နှင့်အညီ ရင်ထဲတွင်လည်းခံယူချက်တစ်ခု   ကိန်း အောင်းလာခဲ့၏။  ဤသည်မှဲာဲတစ်နေ့ နေ့ တစ်ချိန်ချိန်တွင် ဘုရားပွင့်ရာနယ်မြေဒေသဖြစ်တဲ့ အိန္ဒိယ-ကို အခွင့်အခါသင့်လျှင် ငါအရောက်သွားမည်ဲ ဖြစ်၏။ သည်စိတ်ကူးစိတ်သန်းတို့ မှာ မိမိငယ်စဉ်ကတည်းက အိပ်မက်မက်လာခဲ့သည့်အတွေးပုံရိပ်တစ်ခုပင်။
           သို့ သော်ငြား ဘဝဆိုသည်မှာလည်း စိတ်ကူးနဲ့ ဆန္ဒတစ်ထပ်တည်းကျဖို့ ရာအင်မတန်ခဲယဉ်းပေစွ။ မိမိလျှောက်လှမ်းလာခဲ့ရသည့် ယနေ့ အသက် (၃၅)နှစ်တိုင်အောင်တွေ့ ကြုံခံစားလာခဲ့ရသည့် ဘဝ၏  အ နိမ့်+အမြင့်၊ အတက်+အကျ၊ အချိုး+အလှည့်၊ အကွေ့ +အကောက်တွေက ကြောက်ခမန်းလိလိ။ ရှေ့ ဆက် ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရဦးမလဲ-ဆိုသည့်အတွေးပေါင်းများစွာနဲ့  နောက်နောင်ကြုံတွေ့ လာရ မည့် လောကဓံတရားကိုကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ ခွန်အားတွေတောင် နည်းမှန်းမသိ နည်းလာခဲ့သည့်နှယ်----။
                     ++++++++++++++++++++++++++++++++++++
ဲအို----လောကဓမ္မ-တဲ့၊ သိပ်ကြောက်စရာကောင်းပါလာဲးဲ စိတ်ထဲမှာကြိတ်ကြိတ်ပြီးတွေးမိသည်။  လောကဓမ္မ-လောကဓံ-ဆိုသည်မှာလည်းလောကကြီးကဖန်တီးပေးသောအရာမျိုးမဟုတ်ပေ။ မိမိဖာသာဖန် တီးယူရသောအရာမျိုးသာဖြစ်၏။ ဗုဒ္ဒ၏ဓမ္မ-အရ တွေးဆကြည့်လျှင် အတိတ်ဘဝကမိမိ၏အသုံးမကျခဲ့သော လုပ်ရည်ကိုင်ရည်တွေကြောင့် ရရှိလာသည့်ပစ္စုပ္ပန်အကျိုးတရားတွေကို လောက-တည်းဟူသောပိတ်ကား ပေါ်တွင် ရုပ်ရှင်ကားပမာ Projector (ပရိုဂျက်တာ)ဖြင့် မီးမောင်းထိုးပြနေခြင်းမျိုးသာဖြစ်၏။    သို့ ဆိုလျှင် လောကဓံ-ဆိုသည်မှာ ကောင်းသည် ဆိုးသည် ထိုနှစ်လီကို မိမိကပင် ဖန်တီးလာခဲ့သည့်အရာမျိုးမဟုတ်ပါ လား။  ရှိစေ။  ဖြစ်လာသမျှအကြောင်းတရားတွေကို အကောင်းလို့ ပင်မှတ်ယူရမည်ဟု  စိတ်ကိုပိုင်းဖြတ်၍ ကျားကုတ်ကျားခဲကြိုးစားခဲ့ရာမှ ဓမ္မာစရိယတန်း-ဆိုသည့်စာမေးပွဲကြီးတစ်ခုကို ခက်ခက်ခဲခဲဖြင့် အောင်မြင် လာခဲ့သည်။ သည့်နောက် မိမိငယ်စဉ်က စိတ်ကူးရှိခဲ့သည့်အတိုင်းမြတ်ဗုဒ္ဒပွင့်ထွန်းရာ အိန္ဒိယနယ်မြေဒေသ ကိုခြေချနိုင်ရေးအတွက်တစ်ဖန်ကြိုးစားခဲ့ပြန်သည်။   တစ်ဘက်ကအင်္ဂလိပ်စာကို ဆရာတွေဆီမှာလေ့လာ ရင်း၊ တစ်ဘက်ကလည်ဲးဲပတ်စပို့ဲကိုအဆင်သင့်ပြုလုပ်ထားခဲ့၏။ သို့ သော် date (ဒိတ်)သာ ကုန်ဆုံးသွား ခဲ့သည်။ မသွားဖြစ်ခဲ့။  နောက်တစ်ခဲါဲပတ်စပို့ဲထပ်လုပ်ပြန်သည်။   ရှေ့ နည်းအတိုင်းနှစ်သာပြည့်သွားခဲ့ ၏။ သွားဖို့ ရန်အဆင်မပြေခဲ့။ သည်လိုနဲ့  စာချဘုန်းကြီးယောင်ယောင်ဘဝဖြင့်(၆)နှစ်ခန့် ၊     ဓမ္မကထိက ယောင်ယောင်ဘဝဖြင့် (၂)နှစ်ခန့် ကြန့် ကြာခဲ့ရ၏။ သည်ကြားထဲ စာရေးဆရာယောင်ယောင်ဘဝဖြင့်ကျင် လည်ခဲ့ရသည့်နှစ်တွေကလည်းအတော်များခဲ့၏။ ဘာပဲဖြစ်ဖြစ်၊ သည်တစ်ခါတော့ အိန္ဒိယကိုသွားဖို့ အတွက် ငါ့ရဲ့ နောက်ဆုံးကြိုးစားမှုပဲ-ဆိုပြီး စိတ်ဓာတ်ကိုမြှင့်တင်ကာ တစ်ဖန်ကြိုးစားခဲ့ပြန်သည်။ သည်အချိန်သူငယ် ချင်းကိုယ်တော်တစ်ပါးကဲဘုန်းကြီးရေ---ဘာဖြစ်လို့  ပြည်ပကိုထွက်နေဦးမှာလဲ၊ ကိုယ့်ပြည်တွင်းမှာလည်း ဓမ္မကထိကအဖြစ်နဲ့  ဒကာ+ဒကာမတွေကို တရားဟောနေတာပြီးရော့ပေါ့၊ မသွားပါနဲ့ တော့လာဲးဲဟု ဆို လာသည်။ဲတောက်--၊ မနှိုင်းကောင်း နှိုင်းကောင်း ဘုရားလောင်းတောထွက်မည့်လမ်းခရီးမှာ မာရ်နတ်က လာပြီးတားမြစ်နေသယောင်ယောင်ဲ  စိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်မိသည်။ သည်လိုနဲ့ ခင်မင်ရင်းနှီး သည့်မိတ်ဆွေမို့  မိမိကလည်ဲးဲကိုယ်တော်--၊ တပည့်တော် ဒီနှစ်အထွက်ကိန်းနဲ့ ကြုံနေတယ်ဘုရား၊ ထွက် တော့ထွက်ရလိမ့်မယ်၊ လူထွက်ရမလား၊ ဒါမှမဟုတ် ပြည်ပကိုထွက်ရမလားတော့မဆိုနိုင်ဘူး။ တပည့်တော် လူတော့မထွက်ချင်ဘူး ကိုယ်တော်ရေ၊ ဒါကြောင့် ပြည်ပကိုပဲထွက်ဖြစ်အောင် ကြိုးစားရမယ်ဲဟု နောက် သလိုလို ပြောင်သလိုလိုပြောဆိုလိုက်ရာမှ သူငယ်ချင်းကိုယ်တော်က သဘောကျစွာရယ်သည်။   ဟိုး----- အခုတော့ မိမိ၏နောက်ဆုံးကြိုးစားမှုအောင်မြင်ခဲ့ပြီ။ မြတ်ဗုဒ္ဒပွင့်ထွန်းရာ အိန္ဒိယနယ်မြေ---တဲ့။     တစ်ချိန် တုန်းက သာသနာ့အရောင်ထွန်းလင်းပြောင်ခဲ့သည့် အိန္ဒိယနယ်မြေ----။     မိမိအင်မတန်ရောက်ချင်နေခဲ့ သည့် အိန္ဒိယနယ်မြေ-----။ ဟုတ်တယ်၊  ဒါ-----အိန္ဒယနယ်မြေ----။
                    ++++++++++++++++++++++++++++++++++++
            အိန္ဒိယနယ်မြေသို့  ခြေထောက်ချလိုက်သည်ဆိုကတည်းက ပထမဦးစွာ မြတ်ဗုဒ္ဒပွင်းထွန်းရာ ဗုဒ္ဒ  ဂယာရှိ မဟာဗောဓိပင်ကို ရှေ့ ဦးစွာ ဦးသုံးကြိမ်ခိုက်၍၊ သတ္တဌာန-ကို လှည့်လည်ကြည့်ရှု၏။     မိမိစိတ်ထဲ တွင်တော့ ဟိုး----င်္လွန်ခဲ့သည့် နှစ်ပေါင်း (၂၅ဝဝ)ကျော်လောက်က အခေါက်ခေါက်အပြန်ပြန်လျှောက်လှမ်း ခဲ့ဖူးသည့် မြတ်ဗုဒ္ဒ၏ခြေတော်ရာတွေကိုပင် ရေးတေးတေးမြင်ယောင်မိနေသလိုလို။  သည်အခိုက် စိတ်ထဲ တွင် သာသနာတော်အတွက်ကျေးဇူးများခဲ့သော အသောကမင်းမှအစ နောက်နောင်းပုဂိုလ်များစွာကိုလည်း မေတ္တာပို့ သနေမိ၏။  အဘယ်ကြောင့်ဆိုသော် ဗုဒ္ဒနှင့် ဗုဒ္ဒ၏မျက်မှောက်သာဝကများမရှိတော့သည့်နောက် ပိုင်း အသောကရာဇာ-အစရှိသောပုဂိုလ်များကမစောင့်ရှောက်ခဲ့ပါလျှင် သည်နေရာ သည်ဌာနတွေကို ယခု ကဲ့သို့ ဖူးမြော်ရဖို့ ရန် မည်သည့်နည်းနဲ့ မျှမဖြစ်နိုင်တော့ပေ။ အခုကြည့်လိုက်ပါက   သံဝေဇနိယ-လေးဌာန လုံးတွင် ဘုရင်အသောကမင်းတရားကြီး၏လက်ရာနဲ့ ကင်းသောနေရာဟူ၍မတွေ့ ရ။ ထိုကို သူ၏(အသော က၏)ကျောက်တိုင်ကသက်သေထူနေပေသည်။ သည်ရွေ့ သည်မျှဗုဒ္ဒသမိုင်းကြောင်းများကျန်ရှိစေဖို့ အရေး ဘယ်လောက်ထိအောင်သွေးနဲ့ ချွေးနဲ့ ရုန်းကန်ခဲ့ရမည်ကိုအကြွင်းမဲ့မသိနိုင်ပေ။    တကယ့်ကို ကျေးဇူးတင် ထိုက်လှ၏။ ဗုဒ္ဒဘာသာဝင်လူမျိုးတိုင်းအတွက်မမေ့အပ်၊ မမေ့ထိုက်သောလူသားအားလုံးထဲက ထူးခြားသော လူသားတစ်ယောက်ဟုတင်စားရလျှင်သော်မှ မိမိ၏စကားလုံးက အလင်္ကာမချော ရသမမြောက်ဘဲ စကား အရာ အင်မတန်ရိုးစင်းလှချေသေး၏။
          ထိုမှတစ်ဆင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များ ပညာဆည်းပူးနေသည့် မဂဓတက္ကသိုလ်------၊ နာလန္ဒာတက္ကသိုလ်------။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးကျောင်းများ----။  ထို--ထို--အများထဲ တွင်------။ဲလူလူချင်းတူသော်ငြား အသက်ရှူပုံချင်းကွဲပြားသည်၊ လမ်းစဉ်ချင်းတူသော်ငြား ရည်ရွယ်ချက် ချင်း ခြားနားသည်ဲဆိုဘိသကဲ့သို့  မိမိဘဝတွင် တစ်ခါတစ်ရံမျှစိတ်ကူးမယဉ်မိခဲ့သည့်ကြားမှ အမှတ်မထင် တွေ့ မြင်လိုက်ရပါသော-----။ မိမိရရှိထားသည့်ဘဝတစ်ခုကို ပရိဟိတ-အဖြစ်အသုံးချမည်-ဟု ပိုင်းဖြတ်အဓိ ဋ္ဌာန်ထားလေဘိသကဲ့သို့  ကာယဗလ-နှင့်ပြည့်စုံလှပေသော-----။  ဤကဲ့သို့ ပြုမူဆောင်ရွက်ပါလျှင် ထိုကဲ့ သို့  ဒကာ+ဒကာမများအားကြီးမားသည့်အကျိုးတရားဖြစ်ထွန်းလိမ့်မည်-ဟု    သုံးသပ် ဆုံးဖြတ်တတ်သည့်  ဥာဏဗလ-နှင့်လည်းပြည့်စုံပေသော------။ ပန်းခင်းသောလမ်းမဟုတ်ဘဲလျှက် ဆူးခင်းသောလမ်း၊ (သို့ မ ဟုတ်) ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲများပြည့်လျှံလျက် ကြမ်းတမ်းခက်ထန်သောလမ်းကို လျှောက်လှမ်းရစေ ကာမူ ရှေ့ သို့ သာချီတက်မည်-ဟု တိကျပြတ်သားသည့် ဇွဲသတ္တိ-နှင့်လည်းပြည့်စုံပေသော----။    ကုသိုလ် ဘက်ဆိုင်ရာအလုပ်ကိစ္စမှန်သမျှ ဘာမဆိုလုပ်ရဲသည့် ဗျတ္တိ-နှင့်လည်း ပြည့်စုံပေသော----။ ထိုပုဂိုလ်သည် ကား  ဗုဒ္ဒဂယာမြေပေါ်တွင် အများနှင့်မတူဘဲ   တစ်မူထူးခြားစွာ ခိုင်ခိုင်ခံ့ခံ့  တည်တည်တံ့တံ့ဖြင့် ရပ်တည် လျက်ရှိသော  သာသနာ့သူရဲကောင်းဖြစ်သဲူဲမဟာဗောဓိဓမ္မရိပ်သာဆရာတော် အရှင်စန္ဒမုနိမဟာထေရ်ဲ။
                   +++++++++++++++++++++++++++++++++++
            နှလုံးသာသိုက်မြုံအတွင်းဝယ် မြှုပ်နှံလာခဲ့သည့်ကြီးမားသောရည်ရွယ်ချက်တွေကို တစ်ခုချင်းထုတ် နှုတ်ပြီး လောကစာမျက်နှာပြင်တွင် သမိုင်းတစ်ရပ်အဖြစ်ထင်ဟပ်စေမည့် အို---အရှင်၊ အရှင့်ကို ဖူးတွေ့ ရ  သည်မှာ တပည့်တော်အတွက်လာခြင်းကောင်းပေစွ---။     ဝမ်းမြောက်မှုနှလုံးသားထဲက ဝေဆာဖူးပွင့်လာ သည့် ကြည်နူးခြင်းအပြုံးတွေဟာလည်း တပည့်တော်၏ရင်ဘတ်ထဲတွင်တော့ တစိမ့်စိမ့်၊  ပြီးတော့ တသိမ့် သိမ့်----။
                                                                                အရှင်ဓမ္မပိယ (ဘုန်းနိုင်လင်း-ပညာမြေ)
အမှာ။    ။ သည်းခံ၍သာ ဖတ်ရှုပါရန်၊  မိမိမှာ ကီးဘုတ်အခက်အခဲကြောင့် ပါဌ်ဆင့်စာလုံးတစ်ချို့ ရိုက်မရ ဖြစ်နေပါသည်။ သို့ ပါ၍ ဓ-ကို ဒ နဲ့ အစားထိုးရေးလိုက်ရသည်။ ဂ-ကိုလည်း ရိုက်မရပါ။ နှိုက်-ကိုလည်း ရိုက် မရပါ။  ဇ-ကိုလည်း ရိုက်မရဖြစ်နေပါသည်။  နားလည်မှုတွေပေးနိုင်ကြပါစေ။
                      စာပေဝါသနာရှင်များ  ကိုယ်+စိတ်နှစ်ဖြာ ရွှင်လန်းစွာဖြင့်လိုရာခရီးကို လွယ်လင့်တကူ
လျှောက်လှမ်းနိုင်ကြပါစေ